“ မ ” အတွက်....
Thursday, 17 April 2008
မတွေ့တာကြာပေမယ့်
ရင်ထဲမှာ မေ့လို့မရဘူး
နှလုံးသားက ပေါက်ဖွားလာတဲ့
ရင်ခုန်သံ လှိုင်းတွေ
ရိုက်ခတ်လာတဲ့ ခံစားမှုတွေ
အဲဒီအရာ အားလုံးကို
ကျွန်တော် ဘယ်လိုကျော်ဖြတ်ရမလဲ
'' မ '' ရယ်.....
ရက်စက်မှုတွေရဲ့နောက်မှာ
တန်ပြန် တုန့်ပြန်မှုတွေရှိတယ်တဲ့
ဟုတ်လား “မ” ရယ်
ဒါပေမယ့် ကျွန်တော်ကတော့
တုန့်ပြန်မှုတွေ မရှိတဲ့အပြင်
“မ”ပေးလိုက်တဲ့ဒဏ်ရာတွေကို
အလူးအလိမ့် ခံစားနေရပါပြီ...
နုနယ်လှတဲ့
ကျွန်တော့်နှလုံးသားလေဟာ
ခုတော့ ဒဏ်ရာတွေသာ
ရရှိခဲ့ပါပြီ “မ”ရယ်....
ှု
လူတွေကပြောတယ်
တွေ့ဆုံခြင်းဟာ
ခွဲခွာခြင်း အစတဲ့
ဟုတ်လား “မ”ရယ်
“မ”နဲ့ကျွန်တော် အဲဒီလိုပဲ
ဖြစ်နေပြီလား ...
တကယ်တော့ “မ”ဟာ
လမ်းမှားရောက်နေတဲ့
ကျွန်တော့်ရဲ့ ဘဝကို
ပြုပြင်ပြောင်းလဲပေးတဲ့
လမ်းပြကြယ်လေးပါ
မီးအိမ်ရှင်မလေး လို့ခေါ်ဆိုရင်လည်း
မမှားပါဘူး “မ”ရယ်...
ကြည့်ပါအုံး “မ”ရယ်
အလွမ်းတဲ့
ထမ်းပိုးရတာ ပင်ပန်းလိုက်တာ
အဆွေးတဲ့
ထွေးပွေ့ရတာ ခဲယဉ်းလိုက်တာ
အတွေးတဲ့
ဦးနှောက်ထဲမှာ နေရာယူလွန်းလို့
အိပ်စက်ခြင်းကတောင်
နေရာရွှေ့ ပေးနေရတယ်
ကျခဲ့ရတဲ့ မျက်ရည်တွေတောင်
ပင်လယ်ရေနဲ့ အလားသဏ္ဍန်
တူနေလားဆိုတာတောင်
မပြောတတ်တော့ပါဘူး ...
နောက်ဆုံးတော့လည်း
ဝေဒနာဆိုတဲ့ ဓာတ်ဆာကို
မှီဝဲရင်း အသက်မဲ့စွာ
ရှင်သန်နေရတယ်
“မ” ရယ်...
17 April 2008 at 23:49
ကဗျာထဲက စာသားတွေက အရမ်းကောင်းပါတယ်...
ကဗျာထဲက ဒဏ်ရာရနေတဲ့ နှလုံးသားလေး အမြန်ပျောက်ကင်း ကျန်းမာပါစေ.......
မြန်မြန် အကောင်းပကတိဖြစ်ပါစေနော်.....
17 April 2008 at 23:51
thz Ma linlin,,hehe ,,khan sar shat tway htat kyi tar..hehe