ချစ်သူ့ရာသီ
Monday, 14 April 2008
တစ်ရာသီလုံးလုံး
ပန်းတွေပဲခူးမလား
လမင်းနဲ့ကြယ်ပွင့်တွေပဲ ခူးမလား
အလေးချိန်မှန်မှန်နဲ့
တင်းကျပ်ပြည့်ဝတဲ့ဘဝကိုရွေးအုံးမလား
တစ်ရာသီလုံးမှာ
နေ့ညစစ်စစ်တွေ ကဲ့ယူအုံးမလား
မျှော်လင့်ချက်အသစ်တွေ စစ်ယူအုံးမလား
လေးချိုသွေးချိန်လေးတွေကိုပဲ
ဆီးကြိုနေအုံးမလား
တကယ်ပါ.....ရယ်
အဲဒီတစ်ရာသီလုံးမှာ.....။။။
သူဟာကိုယ့်ဘဝအတွက်
အမြဲတမ်းနွေမိုးဆောင်း
ကိုယ်ကလည်းအမြဲတမ်း ခိုလှုံရမယ့်
ကြည်နူးချမ်းမြေ့ဖွယ်
ကာလရှည်ရာသီတစ်ခုပေါ့.......
ရာသီတွေကူးပြောင်းသွားခဲ့ပါပြီ ချစ်သူ
အတိတ်၊ပစ္စုန်ပ္ပန်၊အနာဂတ်ဆိုတဲ့
ကာလသုံးပါးရဲ့ အပြင်အပမှာ
ဖွဲ့စည်းနေခဲ့ပါပြီ.......
ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်စိုင်တိမ်လိပ်တွေဟာ
ချစ်သူ့ရာသီစက်ဝန်းထဲ
အုံ့ပြိုညိုမည်း ကျလာပါပြီ.....
မင်းဘဝ၊ကိုယ့်ဘဝအတွက်
မလုံခြုံတဲ့ အိမ်တစ်လုံးထဲ
ချစ်သူရေ တစ်ရာသီလုံးလုံး
အဲဒီအိမ်လေးဆီကိုတော့
ကိုယ်အမြဲပြန်နေရနေဦးတော့မှာလား
ချစ်သူရယ်........
0 ခံစားပေးပါ။: to “ ချစ်သူ့ရာသီ ”
Post a Comment