နှစ်သစ်သင်္ကြန်........
Thursday, 10 April 2008
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေတောင်
ဝေခဲ့ရပါပြီ...
မြန်မာတို့ရဲ့ နှစ်သစ်
ပျော်ရွှင်ဖွယ်ကောင်းသော
ချိန်မှန် ဂိမ္မာန်
နွေဦး.....
ရက်လ ရာသီ
ပိတောက်ဖူးဝေဆာ
သင်္ကြန် ဟူ၍
လူတိုင်းသိရှိ ဤကာလ၌......
အမြို့မြို့ အနယ်နယ်ရှိ
လူထုအပေါင်း
ပျော်ရွှင်ကြသည်..
တစ်ယောက်နှင့် တစ်ယောက်
ရေဖလားရေခွက်
အပြန်အလှန်လောင်းကျ
စိုရွှဲ မျက်နှာ
အဘယ်သို့ရှိမည်
တွေးတောရင်းနဲ့
ကြည်းနူးနေ ရပါပြီ............
ထိုမျှမက
သင်္ကြန်အတွင်း
မုန့်လုံးရေပေါ်
ရွှေရင်အေး နှင့်
မြိန်ရေယှက်ရေ
စားချင်သည်မှာ
လူတိုင်းစိတ်တွင် ရှိလိမ့်မည်ဟု
ဧကန်မုတ်ချ ယုံကြည်မိသည်........
နှစ်ဟောင်း အညစ်ကြေး
ကုန်ဆုံးချိန်၌
နှစ်သစ်အချိန်အခါဝယ်
သက်ကြီးရွယ်အို
လူကြီးမိဘ.....
ဆရာသမားများအား
ခေါင်းလျှော် သန့်စင်
ထိုမှမက
ဆွေမျိုး မိဘ မောင်နှမများနှင့်
ချစ်သူရည်းစား
ဘုရားသို့သွား
ကောင်းမှုကုသိုလ်
ပြုလုပ်ကြသည်
မြန်မာတို့ရဲ့
နှစ်သစ် သင်္ကြန်
ဖြစ်ပါတော့သည်...........။။
0 ခံစားပေးပါ။: to “ နှစ်သစ်သင်္ကြန်........ ”
Post a Comment