ချစ်သူတိုင်း အတွက်......
Thursday, 17 April 2008
ချစ်သူရေ
ခဏတာတွေ့ခဲ့ရပေမယ့်
တစ်ဘဝတာ ချစ်ခဲ့ရပါတယ်
အရာအားလုံးကို မေ့ပြစ်နိုင်ပေမယ့်
မင်းကိုတော့ ဘယ်တော့မှ
မေ့ပြစ်လို့ မရခဲ့ပါဘူး.....
စွန့်လွှတ်ခြင်းတွေ
ပေးဆပ်ခြင်းတွေ ရဲ့
အရိပ်အာဝါသအောက်မှာ
ဘာတွေရှိနိုင်မလဲဆိုတာပေါ့
ကျွန်တော်ထင်တယ်
တစ်ယောက်နဲ့တစ်ယောက်
အရာအားလုံးကို
ကျောခိုင်းထွက်မသွားပဲ
အပြန်အလှန် နားလည်မှုတွေနဲ့
ချစ်သွားခြင်တယ် ချစ်သူ....
ချစ်သူတွေ ရဲ့
လမ်းခွဲခြင်းအစက ဘာလဲဆိုတော့
တစ်ယောက်နဲ့တစ်ယောက်
သိက္ခာကိုယ်ကျင့်တရား
စော်ကားမှု..
အသေးစိတ် မမြင်တတ်ခြင်းကို
မထီမဲ့မြင်ရယ်လို့ စွပ်စွဲမှု
'' ငါ '' ဆိုတဲ့ အတ္တကြီးမှုဆိုတဲ့
အားနည်းချက်တွေလို့ပဲ
သတ်မှတ်လိုက်ခြင်တယ်
ချစ်သူ.......
သဝန်တိုတတ်တဲ့
ကိုယ်တို့နှစ်ယောက်ရဲ့စိတ်တွေ..
သံသယမကင်းပဲ ကြည့်တတ်တဲ့
ကိုယ်တို့နှစ်ယောက်ရဲ့
မျက်ဝန်းလေးတွေကို
ခဏလောက် ဘေးဖယ်ထားလိုက်စို့
ချစ်သူရယ်....
0 ခံစားပေးပါ။: to “ ချစ်သူတိုင်း အတွက်...... ”
Post a Comment