သင်္ကြန်နတ်မိမယ်.........
Friday, 11 April 2008
မထင်မှတ်ပဲ
တွေ့လိုက်စဉ်
အခါတုန်းကပေါ့
တို့နှစ်ယောက်လုံး
ပြန်စဉ်းစား မိရင်
ရင်တွေနာမိ ပါတယ်ကွာ.......
ဘယ်သူမှားတယ်
ဘယ်သူမှန်တယ် ဆိုတာကို
ခဏဘေးချထားပြီး
တွေ့ဆုံမှုပေးတယ့်
ကံကြမ္မာကိုလည်း
အပြစ်မဆိုချင်ပါ......
ပြန်ပြောရရင်
အမှတ်တရသင်္ကြန်
အင်းယားလမ်းကလေးမှာပေါ့........
ပျော်ရွှင် ကြည်နူးနေပြီး
ရေစိုနေသော မင်းရဲ့မျက်နှာလေး
စွဲမက်ဖွယ်ကောင်းသော
မင်းရဲ့ အပြုံးလေးတွေရဲ့အောက်မှာ
အရှင့်ရှေ့မှာ ဒူးထောက်နေတယ့်
အမတ်တစ်ယောက်လို
ဖြစ်သွားတယ်ဆိုတာ
ကိုယ့်ရဲ့စိတ်ကနေ
ဝန်ခံပါရစေကွာ....
အဲ့ဒီအချိန်မှာ
ကိုယ်ရရှိတာကတော့
မင်းလေးရဲ့ ဖုန်းနံပါတ်ပေါ့
တောင်းဆိုမှုကို လိုက်လျောပေးတဲ့
အပြုံးလှပိုင်ရှင်လေးကိုလည်း
ကျေးဇူးတင်မိပါလေရဲ့.......
စိတ်က တောင်းဆိုမှုကြောင့်
'ဟယ်လို' ဆိုသောအသံလေးကို
ကြားချင်လာမိပါရဲ့
ဝန်ခံပါတယ်
မင်းကို..ကိုအရမ်း ချစ်မိနေပြီ........
မှတ်မှတ်ရရ
သင်္ကြန် အတတ်နေ့ပေါ့
ချစ်သူဆီက 'ချစ်ပါတယ်' ဆိုတဲ့
ပျော်ရွှင်ဖွယ်ကောင်းသော
စကားလုံးလေးကို ရရှိခဲ့တာပေါ့.....
ဒီလိုနဲ့
သင်္ကြန် နောက်ဆုံးနေ့ပေါ့
ကန်ဘောင်မှာ အကြော်တွေစား
စိတ်ထဲမှာတော့
ကမ္ဘာပေါ်မှာ နှစ်ယောက်တည်းဟု
ထင်မိပါလေရဲ့........
နှစ်ဆန်းတစ်ရက်နေ့
ဘုရားရင်ပြင်မှာ
ချစ်ရသောသူကို စောင့်မိပါလေရဲ့
အချိန်တွေကုန်ဆုံးလို့
စိတ်ပျက်လက်ပျက်နဲ့ပေါ့
ဖုန်းလေးဆက်တော့
ဌားရမ်းထားတဲ့ဖုန်း
ပိုင်ရှင်ရဲ့ "မသိဘူး"ဆိုတယ့်စကားလုံး
ကိုယ့်ရဲ့စိတ်မှာ ခံစားရတာထက်
သွေးပျက်ချောက်ခြား ခဲ့ရလေပြီ
အော်.......
ရင်ထဲကပျောက်ဆုံးထွက်ခွာသွားတဲ့
နတ်မိမယ်လေးရယ်
ဘယ်တော့များမှ
ပြန်လာပါအုံးမလဲကွာ..........
12 April 2008 at 05:05
This comment has been removed by the author.