သူတစ်ယောက်သိဖို့အတွက်
Wednesday, 9 April 2008
မင်းလေးနဲ့ကို
မထင်မှတ်ပဲ
ဒီလိုနေရာမှာ
တွေ့ခဲ့စဉ်က
ရင်ခုန်သံတွေ
ဘယ်လိုဖြစ်ဖြစ်
ကာရံသံတွေ
နှလုံးသားထံသို့
ရိုက်ခတ်သွားစဉ်
ငါ့ရဲ့ခံစားချက်
ဒီလိုသံစဉ်
ငါတစ်ယောက်တည်း
မင်းလေးဆီသို့
ပြောကြားချင်တယ်။
ခံစားမှုတွေအားလုံး
မဖြစ်နိုင်မှန်း
ငါလေသိ၍
တိုးဝှေ့ဆက်လျှောက်
ချစ်သူရင်ခွင်သို့
ခို၍နားခြင်း
ငါ့၏ခံစားချက်
တစ်ခဏအတွင်း
ပြောကြားချင်လည်း
ငါမင်းကို
နှလုံးသားထဲမှ
တန်ဖိုးထားမှန်း
ငါလေသိ၍
မင်းရဲ့မိဘဆီသို့
အဲဒါဘာလဲဆိုတော့
ငါလေမင်းကို
တစ်သက်လုံးပဲ
ချစ်ပါမည်ဟု
ကတိသစ္စာ
ဝန်ခံပါ၏
(လွင်ကို)
0 ခံစားပေးပါ။: to “ သူတစ်ယောက်သိဖို့အတွက် ”
Post a Comment