တစ်စုံတစ်ရာအမှား
Wednesday, 9 April 2008
ရပ်ဝေးဆီက...
ကိုယ့်ရဲ့ဌာနေဆီသို့
မင်းလေးအိပ်စက်
အနားယူခဲ့စဉ်က
မင်းကဘယ်သူမှန်း
ကိုလဲမသိ
နှစ်ယောက်တည်းတွေ့စဉ်အခါက
မင်းကိုမြင်မြင်ချင်း
ငါ့ရဲ့နှလုံးသားထဲသို့
တသွင်သွင်စီးဆင်း
အချစ်ရဲ့စမ်းချောင်းသို့
ငါလေလိုက်ပါ
မင်းနဲ့အတူပဲ
စီးဆင်းသွားပါ၏....
သို့ပေမယ့်လည်း
မင်းနဲ့ကိုဟာ
မဖြစ်နိုင်မှန်း
နှစ်ယောက်စလုံး
သစ္စာထား၍
ဘယ်လောက်သိတိုင်
ဆက်ချစ်မယ်ဟု
မသိသော်ငှားလည်း
ချစ်၍နေသည်.....
ဒါပေမယ့်
ဘာသာချင်းဟာ
ပေါင်းစပ်၍မရ
မင်းနဲ့ကိုဟာ
မိုးချိန်းသံတွေ
ရင်ထဲမှာကိုယ်စီ
ခံစားချက်တွေအားလုံး
မင်းနဲ့ငါလေ
ကိုယ်စီသိရှိပေပြီလေ....
မထင်မှတ်ပဲ
ကားလေးတစ်စီး
ကိုယ့်ရဲ့အိမ်ရှေ့
ရောက်ရှိစဉ်ခါကပေါ့
ဘ၀အတွက်ကြိုးပန်းနေသော
ကိုဟာလေ
မင်းလေးနှုတ်ဆက်
လမ်းပြထွက်ခွာ
ကို၏အမှားပင်တည်း.....
10 April 2008 at 04:06
ခံစာပေးပါတယ်ကိုကြီးရဲ့ကဗျာတွေကိုအရမ်းကြိုက်တာပဲ
ဆက်ရေးနော်ညီမအားပေးနေမယ်နော်
10 April 2008 at 09:11
ကျေးဇူး ညီမလေးနော်....