“စိတ်ဆိုးမယ်ကြံရင် ..တစ်ကနေ တစ်ဆယ်အထိ ရေပါလို့ သားကိုမှာထားရက်သားနဲ့၊ အခု ရန်ဖြစ်လာပြီလား”
“အဲဒီလို ရေမိလို့ အထိုးခံလိုက်ရတာပေါ့ မေမေရဲ့”
“ဘာဖြစ်လို့လဲကွ”
“ဟိုကောင့် အဖေက သူ့ရဲ့သားကို ငါးအထိပဲ ရေခိုင်းထားလို့လေ”
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
“မနေ့က မင်းတို့လင်မယားတွေရန်ဖြစ်ကြတယ်ဆို”
“ဟုတ်တယ်ကွ။ ငါအိမ်ပြန်ရောက်တာနဲ့ သူ့မကျေနပ်ချက်တွေပြောပြီး ပေါက်ကွဲရာက စ,တာပဲ”
“မင်းက ဘယ်လိုပြန်ပြီးရှင်းပြ သလဲ”
“ဘာတစ်ခွန်းမှကို ပြန်ပြီးပြောပြခွင့် မရပါဘူးကွာ။ သူပြောလို့အားရတာနဲ့ ပစ္စည်းတွေယူပြီး
အိမ်ပေါ်က ဆင်းသွားတော့တာပါပဲ”
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
“မေမေ သမီးကို တစ်ဆယ်လောက်ပေးပါလား။ အိမ်ရှေ့မှာ အော်ဟစ်နေတဲ့သူကိုပေးလိုက်ချင်လို့”
“ဘယ်လိုအော်ဟစ်နေလို့လဲ သမီးရဲ့”
“ဟောဒီက သကြားပြောင်းဖူးတဲ့ ၊ တစ်ဖူးတစ်ဆယ်တဲ့”
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
“အချစ်နဲ့ပတ်သတ်လာရင် ဘာပဲလုပ်ရ လုပ်ရ။ဘာမဆိုရင်ဆိုင်ရဲတယ်။အရာရာစွန့်လွှတ်ရဲတယ်။
ဘယ်အရာမှ လာပြီးတားဆီးလို့မရဘူး”
“ကဲပါ...ယုံပါပြီရှင်ရယ်။ ဒီညနေ ချိန်းထားတာ လားဖို့မမေ့နဲ့နော်”
“စိတ်ချ....စိတ်ချ..ဖဲဝိုင်းမလုပ်ဖြစ်ရင်လာခဲ့မယ်နော်...ဆက်ဆက်စောင့်နေ”
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
“မင်းနှယ့်ကွာ၊၊ဘာဖြစ်လို့ ဒီလောက်သိက္ခာမဲ့တဲ့ လုပ်ရက်ကို ကျူးလွန်ရတာလဲ”
“ဆရာပဲပြောထားရက်သားနဲ့။ ငါ့ခြေရာအတိုင်းတစ်ထပ်တည်းကျအောင်လုပ်ရမယ်ဆို”
Posted in
ဟာသများ..
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
မတွေ့တာကြာပေမယ့်
ရင်ထဲမှာ မေ့လို့မရဘူး
နှလုံးသားက ပေါက်ဖွားလာတဲ့
ရင်ခုန်သံ လှိုင်းတွေ
ရိုက်ခတ်လာတဲ့ ခံစားမှုတွေ
အဲဒီအရာ အားလုံးကို
ကျွန်တော် ဘယ်လိုကျော်ဖြတ်ရမလဲ
'' မ '' ရယ်.....
ရက်စက်မှုတွေရဲ့နောက်မှာ
တန်ပြန် တုန့်ပြန်မှုတွေရှိတယ်တဲ့
ဟုတ်လား “မ” ရယ်
ဒါပေမယ့် ကျွန်တော်ကတော့
တုန့်ပြန်မှုတွေ မရှိတဲ့အပြင်
“မ”ပေးလိုက်တဲ့ဒဏ်ရာတွေကို
အလူးအလိမ့် ခံစားနေရပါပြီ...
နုနယ်လှတဲ့
ကျွန်တော့်နှလုံးသားလေဟာ
ခုတော့ ဒဏ်ရာတွေသာ
ရရှိခဲ့ပါပြီ “မ”ရယ်....
ှု
လူတွေကပြောတယ်
တွေ့ဆုံခြင်းဟာ
ခွဲခွာခြင်း အစတဲ့
ဟုတ်လား “မ”ရယ်
“မ”နဲ့ကျွန်တော် အဲဒီလိုပဲ
ဖြစ်နေပြီလား ...
တကယ်တော့ “မ”ဟာ
လမ်းမှားရောက်နေတဲ့
ကျွန်တော့်ရဲ့ ဘဝကို
ပြုပြင်ပြောင်းလဲပေးတဲ့
လမ်းပြကြယ်လေးပါ
မီးအိမ်ရှင်မလေး လို့ခေါ်ဆိုရင်လည်း
မမှားပါဘူး “မ”ရယ်...
ကြည့်ပါအုံး “မ”ရယ်
အလွမ်းတဲ့
ထမ်းပိုးရတာ ပင်ပန်းလိုက်တာ
အဆွေးတဲ့
ထွေးပွေ့ရတာ ခဲယဉ်းလိုက်တာ
အတွေးတဲ့
ဦးနှောက်ထဲမှာ နေရာယူလွန်းလို့
အိပ်စက်ခြင်းကတောင်
နေရာရွှေ့ ပေးနေရတယ်
ကျခဲ့ရတဲ့ မျက်ရည်တွေတောင်
ပင်လယ်ရေနဲ့ အလားသဏ္ဍန်
တူနေလားဆိုတာတောင်
မပြောတတ်တော့ပါဘူး ...
နောက်ဆုံးတော့လည်း
ဝေဒနာဆိုတဲ့ ဓာတ်ဆာကို
မှီဝဲရင်း အသက်မဲ့စွာ
ရှင်သန်နေရတယ်
“မ” ရယ်...
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
ချစ်သူရေ
ခဏတာတွေ့ခဲ့ရပေမယ့်
တစ်ဘဝတာ ချစ်ခဲ့ရပါတယ်
အရာအားလုံးကို မေ့ပြစ်နိုင်ပေမယ့်
မင်းကိုတော့ ဘယ်တော့မှ
မေ့ပြစ်လို့ မရခဲ့ပါဘူး.....
စွန့်လွှတ်ခြင်းတွေ
ပေးဆပ်ခြင်းတွေ ရဲ့
အရိပ်အာဝါသအောက်မှာ
ဘာတွေရှိနိုင်မလဲဆိုတာပေါ့
ကျွန်တော်ထင်တယ်
တစ်ယောက်နဲ့တစ်ယောက်
အရာအားလုံးကို
ကျောခိုင်းထွက်မသွားပဲ
အပြန်အလှန် နားလည်မှုတွေနဲ့
ချစ်သွားခြင်တယ် ချစ်သူ....
ချစ်သူတွေ ရဲ့
လမ်းခွဲခြင်းအစက ဘာလဲဆိုတော့
တစ်ယောက်နဲ့တစ်ယောက်
သိက္ခာကိုယ်ကျင့်တရား
စော်ကားမှု..
အသေးစိတ် မမြင်တတ်ခြင်းကို
မထီမဲ့မြင်ရယ်လို့ စွပ်စွဲမှု
'' ငါ '' ဆိုတဲ့ အတ္တကြီးမှုဆိုတဲ့
အားနည်းချက်တွေလို့ပဲ
သတ်မှတ်လိုက်ခြင်တယ်
ချစ်သူ.......
သဝန်တိုတတ်တဲ့
ကိုယ်တို့နှစ်ယောက်ရဲ့စိတ်တွေ..
သံသယမကင်းပဲ ကြည့်တတ်တဲ့
ကိုယ်တို့နှစ်ယောက်ရဲ့
မျက်ဝန်းလေးတွေကို
ခဏလောက် ဘေးဖယ်ထားလိုက်စို့
ချစ်သူရယ်....
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
တစ်ရာသီလုံးလုံး
ပန်းတွေပဲခူးမလား
လမင်းနဲ့ကြယ်ပွင့်တွေပဲ ခူးမလား
အလေးချိန်မှန်မှန်နဲ့
တင်းကျပ်ပြည့်ဝတဲ့ဘဝကိုရွေးအုံးမလား
တစ်ရာသီလုံးမှာ
နေ့ညစစ်စစ်တွေ ကဲ့ယူအုံးမလား
မျှော်လင့်ချက်အသစ်တွေ စစ်ယူအုံးမလား
လေးချိုသွေးချိန်လေးတွေကိုပဲ
ဆီးကြိုနေအုံးမလား
တကယ်ပါ.....ရယ်
အဲဒီတစ်ရာသီလုံးမှာ.....။။။
သူဟာကိုယ့်ဘဝအတွက်
အမြဲတမ်းနွေမိုးဆောင်း
ကိုယ်ကလည်းအမြဲတမ်း ခိုလှုံရမယ့်
ကြည်နူးချမ်းမြေ့ဖွယ်
ကာလရှည်ရာသီတစ်ခုပေါ့.......
ရာသီတွေကူးပြောင်းသွားခဲ့ပါပြီ ချစ်သူ
အတိတ်၊ပစ္စုန်ပ္ပန်၊အနာဂတ်ဆိုတဲ့
ကာလသုံးပါးရဲ့ အပြင်အပမှာ
ဖွဲ့စည်းနေခဲ့ပါပြီ.......
ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်စိုင်တိမ်လိပ်တွေဟာ
ချစ်သူ့ရာသီစက်ဝန်းထဲ
အုံ့ပြိုညိုမည်း ကျလာပါပြီ.....
မင်းဘဝ၊ကိုယ့်ဘဝအတွက်
မလုံခြုံတဲ့ အိမ်တစ်လုံးထဲ
ချစ်သူရေ တစ်ရာသီလုံးလုံး
အဲဒီအိမ်လေးဆီကိုတော့
ကိုယ်အမြဲပြန်နေရနေဦးတော့မှာလား
ချစ်သူရယ်........
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
မထင်မှတ်ပဲ
တွေ့လိုက်စဉ်
အခါတုန်းကပေါ့
တို့နှစ်ယောက်လုံး
ပြန်စဉ်းစား မိရင်
ရင်တွေနာမိ ပါတယ်ကွာ.......
ဘယ်သူမှားတယ်
ဘယ်သူမှန်တယ် ဆိုတာကို
ခဏဘေးချထားပြီး
တွေ့ဆုံမှုပေးတယ့်
ကံကြမ္မာကိုလည်း
အပြစ်မဆိုချင်ပါ......
ပြန်ပြောရရင်
အမှတ်တရသင်္ကြန်
အင်းယားလမ်းကလေးမှာပေါ့........
ပျော်ရွှင် ကြည်နူးနေပြီး
ရေစိုနေသော မင်းရဲ့မျက်နှာလေး
စွဲမက်ဖွယ်ကောင်းသော
မင်းရဲ့ အပြုံးလေးတွေရဲ့အောက်မှာ
အရှင့်ရှေ့မှာ ဒူးထောက်နေတယ့်
အမတ်တစ်ယောက်လို
ဖြစ်သွားတယ်ဆိုတာ
ကိုယ့်ရဲ့စိတ်ကနေ
ဝန်ခံပါရစေကွာ....
အဲ့ဒီအချိန်မှာ
ကိုယ်ရရှိတာကတော့
မင်းလေးရဲ့ ဖုန်းနံပါတ်ပေါ့
တောင်းဆိုမှုကို လိုက်လျောပေးတဲ့
အပြုံးလှပိုင်ရှင်လေးကိုလည်း
ကျေးဇူးတင်မိပါလေရဲ့.......
စိတ်က တောင်းဆိုမှုကြောင့်
'ဟယ်လို' ဆိုသောအသံလေးကို
ကြားချင်လာမိပါရဲ့
ဝန်ခံပါတယ်
မင်းကို..ကိုအရမ်း ချစ်မိနေပြီ........
မှတ်မှတ်ရရ
သင်္ကြန် အတတ်နေ့ပေါ့
ချစ်သူဆီက 'ချစ်ပါတယ်' ဆိုတဲ့
ပျော်ရွှင်ဖွယ်ကောင်းသော
စကားလုံးလေးကို ရရှိခဲ့တာပေါ့.....
ဒီလိုနဲ့
သင်္ကြန် နောက်ဆုံးနေ့ပေါ့
ကန်ဘောင်မှာ အကြော်တွေစား
စိတ်ထဲမှာတော့
ကမ္ဘာပေါ်မှာ နှစ်ယောက်တည်းဟု
ထင်မိပါလေရဲ့........
နှစ်ဆန်းတစ်ရက်နေ့
ဘုရားရင်ပြင်မှာ
ချစ်ရသောသူကို စောင့်မိပါလေရဲ့
အချိန်တွေကုန်ဆုံးလို့
စိတ်ပျက်လက်ပျက်နဲ့ပေါ့
ဖုန်းလေးဆက်တော့
ဌားရမ်းထားတဲ့ဖုန်း
ပိုင်ရှင်ရဲ့ "မသိဘူး"ဆိုတယ့်စကားလုံး
ကိုယ့်ရဲ့စိတ်မှာ ခံစားရတာထက်
သွေးပျက်ချောက်ခြား ခဲ့ရလေပြီ
အော်.......
ရင်ထဲကပျောက်ဆုံးထွက်ခွာသွားတဲ့
နတ်မိမယ်လေးရယ်
ဘယ်တော့များမှ
ပြန်လာပါအုံးမလဲကွာ..........
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေတောင်
ဝေခဲ့ရပါပြီ...
မြန်မာတို့ရဲ့ နှစ်သစ်
ပျော်ရွှင်ဖွယ်ကောင်းသော
ချိန်မှန် ဂိမ္မာန်
နွေဦး.....
ရက်လ ရာသီ
ပိတောက်ဖူးဝေဆာ
သင်္ကြန် ဟူ၍
လူတိုင်းသိရှိ ဤကာလ၌......
အမြို့မြို့ အနယ်နယ်ရှိ
လူထုအပေါင်း
ပျော်ရွှင်ကြသည်..
တစ်ယောက်နှင့် တစ်ယောက်
ရေဖလားရေခွက်
အပြန်အလှန်လောင်းကျ
စိုရွှဲ မျက်နှာ
အဘယ်သို့ရှိမည်
တွေးတောရင်းနဲ့
ကြည်းနူးနေ ရပါပြီ............
ထိုမျှမက
သင်္ကြန်အတွင်း
မုန့်လုံးရေပေါ်
ရွှေရင်အေး နှင့်
မြိန်ရေယှက်ရေ
စားချင်သည်မှာ
လူတိုင်းစိတ်တွင် ရှိလိမ့်မည်ဟု
ဧကန်မုတ်ချ ယုံကြည်မိသည်........
နှစ်ဟောင်း အညစ်ကြေး
ကုန်ဆုံးချိန်၌
နှစ်သစ်အချိန်အခါဝယ်
သက်ကြီးရွယ်အို
လူကြီးမိဘ.....
ဆရာသမားများအား
ခေါင်းလျှော် သန့်စင်
ထိုမှမက
ဆွေမျိုး မိဘ မောင်နှမများနှင့်
ချစ်သူရည်းစား
ဘုရားသို့သွား
ကောင်းမှုကုသိုလ်
ပြုလုပ်ကြသည်
မြန်မာတို့ရဲ့
နှစ်သစ် သင်္ကြန်
ဖြစ်ပါတော့သည်...........။။
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
နှလုံးသားဆိုတာ
စက်ရုပ်တစ်ခုလို
အမိန့်ပေးလို့မှ မရတာ .. ။
လူသားတစ်ယောက်ဆိုတာ
လိုချင်သလို
ပုံသွင်းထုယူလို့မှ မရတာ .. ။
အချစ်ဆိုတာ
လိုသလိုစိတ်တိုင်းကျ
ဖန်တီးယူခွင့်မှ မရှိတာ
ဖြစ်ချင်တာအားလုံးထက်
ဖြစ်သင့်တာအားလုံးနဲ့
လက်ပစ်ကူးနေရတာ .. ။
ရှင်သန်ခြင်းဘ၀တစ်ခုမှာ
အမိန့်ဒေါသတွေအောက်
နာကျင်ကြေကွဲနေခဲ့ရတဲ့
လှောင်အိမ်ထဲကငှက်ကလေးအတွက်
အပြာရောင်ကောင်းကင်ကြီးတစ်နေရာ
မျှော်လင့်ချက်အလင်းရောင်များစွာ
နေ့စဉ်ရက်ဆက်စောင့်နေဆဲ .. ။
မြင်ယောင်နေတဲ့ ပျော်ရွှင်မှုတွေ
သွားချင်နေတဲ့ အနာဂတ်လမ်းတွေ
ကြားယောင်နေတဲ့ လိုချင်မှုတွေ
အားလုံးပြည့်နှက်လှပနေတဲ့
နေရာသစ်ဘ၀တစ်ခုလေးစီ
အားတင်းကာကြိုးစားရုန်းထွက်ပျံလှည့်ဦး
လှောင်အိမ်ထဲက ငှက်ငယ်ရေ ....
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
ဂစ်တာတစ်လက်ထဲက
အတင်းရိုက်ခတ်နေရတဲ့
သံစဉ်တွေနဲ့
အချစ်ကို တေးဖွဲ့မဆိုချင်ဘူးကွယ်........
ကိုယ့်ရဲ့ရင်ထဲမှာ
ငွေ့ရည်ဖွဲ့နေတဲ့ တိမ်စိုင်တွေရေ
ဒီတစ်ခါတော့
ဒါအချစ်ပေါ့လို့ ပြောရပေမယ့်
တေးသစ်တစ်ပုဒ်အတွက်
အသံကြောင်နေတဲ့
ကိုယ့်ရဲ့ရင်ခုန်သံကို ကြိုးညှိပြီး
သည်းသည်းမဲမဲသာရွာချလိုက်ပါ.......
အချစ်ရဲ့တေးသစ်ဟာ
သံဆုံဝိုင်းကြီးနဲ့မှ
မဟုတ်ပါဘူး
ကိုယ့်ရင်အုံကို
ဗုံလိုထွင်းပြီး တီးခတ်လို့ရပါတယ်.........
မြိုင်မြိုင်ဆိုင်ဆိုင်တော့
ဖြစ်ချင်မှဖြစ်မယ်
ဒါပေမဲ့...............
ပိုင်ပိုင်နိုင်နိုင်နဲ့
ပီပီသသဖြစ်နေပေမယ့်
အချစ်တေးတစ်ပုဒ်လို့တော့
သမုတ်ခံရမှာပါ
အချစ်ဆုံးရယ်.......
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
နောက်ဆုံးတော့
တစ်ယောက်တည်းဆိုတာပဲ
သေချာခဲ့ပါတယ်
ဒါကိုပဲ လက်ခံလိုက်တော့........
အဆုံးသတ်လှလှ မလှလှ
ဇာတ်တစ်ပွဲ ရဲ့ နိဂုံးဟာ
လွမ်းစရာ နည်းနည်းထက်မကပဲ
ကျန်ရစ်ခဲ့ရပေါ့
ဒါကိုပဲ လက်ခံလိုက်ပေါ့............
ပန်းချီကားတစ်ချပ်လို ရေးဆွဲခွင့်မရပဲ
မိတ္တူသာဆွဲခွင့်ရတဲ့
တို့တွေပဲကွယ်..
"မည်းညစ်ညစ် နိုင်ခဲ့တာလည်း
သဘာဝကျတယ် "
ဒါကိုပဲ လက်ခံလိုက်တော့.........
အနှေးပြကွက်များနဲ့သာ
ဖမ်းယူထားချင်တဲ့
တို့ရဲ့ ဆုံစည်းခြင်းကာလများ
ရုပ်ရှင်ရုံထဲမှာပဲ
ထားရစ်ခဲ့လို့ရရင် အကောင်းသား
ဒါပေမဲ့ ချစ်သူရေ
"ဘဝဆိုတာ ဖလင်တစ်လိပ်လို
နောက်ကိုရစ်ခွင့်မရှိ
နောက်ကြောင်းပြန် ဇာတ်ဝင်ခန်းမရှိ"
ဒါကိုပဲ
လက်ခံထားလိုက်ကြစို့ရဲ့....................။။။။
""I like her even though she is not very pretty""
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
ရပ်ဝေးဆီက...
ကိုယ့်ရဲ့ဌာနေဆီသို့
မင်းလေးအိပ်စက်
အနားယူခဲ့စဉ်က
မင်းကဘယ်သူမှန်း
ကိုလဲမသိ
နှစ်ယောက်တည်းတွေ့စဉ်အခါက
မင်းကိုမြင်မြင်ချင်း
ငါ့ရဲ့နှလုံးသားထဲသို့
တသွင်သွင်စီးဆင်း
အချစ်ရဲ့စမ်းချောင်းသို့
ငါလေလိုက်ပါ
မင်းနဲ့အတူပဲ
စီးဆင်းသွားပါ၏....
သို့ပေမယ့်လည်း
မင်းနဲ့ကိုဟာ
မဖြစ်နိုင်မှန်း
နှစ်ယောက်စလုံး
သစ္စာထား၍
ဘယ်လောက်သိတိုင်
ဆက်ချစ်မယ်ဟု
မသိသော်ငှားလည်း
ချစ်၍နေသည်.....
ဒါပေမယ့်
ဘာသာချင်းဟာ
ပေါင်းစပ်၍မရ
မင်းနဲ့ကိုဟာ
မိုးချိန်းသံတွေ
ရင်ထဲမှာကိုယ်စီ
ခံစားချက်တွေအားလုံး
မင်းနဲ့ငါလေ
ကိုယ်စီသိရှိပေပြီလေ....
မထင်မှတ်ပဲ
ကားလေးတစ်စီး
ကိုယ့်ရဲ့အိမ်ရှေ့
ရောက်ရှိစဉ်ခါကပေါ့
ဘ၀အတွက်ကြိုးပန်းနေသော
ကိုဟာလေ
မင်းလေးနှုတ်ဆက်
လမ်းပြထွက်ခွာ
ကို၏အမှားပင်တည်း.....
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|
မင်းလေးနဲ့ကို
မထင်မှတ်ပဲ
ဒီလိုနေရာမှာ
တွေ့ခဲ့စဉ်က
ရင်ခုန်သံတွေ
ဘယ်လိုဖြစ်ဖြစ်
ကာရံသံတွေ
နှလုံးသားထံသို့
ရိုက်ခတ်သွားစဉ်
ငါ့ရဲ့ခံစားချက်
ဒီလိုသံစဉ်
ငါတစ်ယောက်တည်း
မင်းလေးဆီသို့
ပြောကြားချင်တယ်။
ခံစားမှုတွေအားလုံး
မဖြစ်နိုင်မှန်း
ငါလေသိ၍
တိုးဝှေ့ဆက်လျှောက်
ချစ်သူရင်ခွင်သို့
ခို၍နားခြင်း
ငါ့၏ခံစားချက်
တစ်ခဏအတွင်း
ပြောကြားချင်လည်း
ငါမင်းကို
နှလုံးသားထဲမှ
တန်ဖိုးထားမှန်း
ငါလေသိ၍
မင်းရဲ့မိဘဆီသို့
အဲဒါဘာလဲဆိုတော့
ငါလေမင်းကို
တစ်သက်လုံးပဲ
ချစ်ပါမည်ဟု
ကတိသစ္စာ
ဝန်ခံပါ၏
(လွင်ကို)
Posted in
ရင်တွင်းဖြစ်ချက်ချင်းခံ့စားချက်
by လွင်ကိုရဲ့အမြင်နှင့်ခံစားချက်
|