အချစ်ဆုံးသို့..........  

Wednesday 9 April 2008

နောက်ဆုံးတော့
တစ်ယောက်တည်းဆိုတာပဲ
သေချာခဲ့ပါတယ်
ဒါကိုပဲ လက်ခံလိုက်တော့........
အဆုံးသတ်လှလှ မလှလှ
ဇာတ်တစ်ပွဲ ရဲ့ နိဂုံးဟာ
လွမ်းစရာ နည်းနည်းထက်မကပဲ
ကျန်ရစ်ခဲ့ရပေါ့
ဒါကိုပဲ လက်ခံလိုက်ပေါ့............
ပန်းချီကားတစ်ချပ်လို ရေးဆွဲခွင့်မရပဲ
မိတ္တူသာဆွဲခွင့်ရတဲ့
တို့တွေပဲကွယ်..
"မည်းညစ်ညစ် နိုင်ခဲ့တာလည်း
သဘာဝကျတယ် "
ဒါကိုပဲ လက်ခံလိုက်တော့.........
အနှေးပြကွက်များနဲ့သာ
ဖမ်းယူထားချင်တဲ့
တို့ရဲ့ ဆုံစည်းခြင်းကာလများ
ရုပ်ရှင်ရုံထဲမှာပဲ
ထားရစ်ခဲ့လို့ရရင် အကောင်းသား
ဒါပေမဲ့ ချစ်သူရေ
"ဘဝဆိုတာ ဖလင်တစ်လိပ်လို
နောက်ကိုရစ်ခွင့်မရှိ
နောက်ကြောင်းပြန် ဇာတ်ဝင်ခန်းမရှိ"
ဒါကိုပဲ
လက်ခံထားလိုက်ကြစို့ရဲ့....................။။။။


""I like her even though she is not very pretty""

AddThis Social Bookmark Button


6 ခံစားပေးပါ။: to “ အချစ်ဆုံးသို့..........

ကျွန်ုပ်ရင်ခုန်သံအမှတ်တရများ