ဘ၀ဆိုတာလှောင်အိမ်ထဲကငှက်ငယ်.......  

Thursday 10 April 2008

နှလုံးသားဆိုတာ
စက်ရုပ်တစ်ခုလို
အမိန့်ပေးလို့မှ မရတာ .. ။

လူသားတစ်ယောက်ဆိုတာ
လိုချင်သလို
ပုံသွင်းထုယူလို့မှ မရတာ .. ။

အချစ်ဆိုတာ
လိုသလိုစိတ်တိုင်းကျ
ဖန်တီးယူခွင့်မှ မရှိတာ
ဖြစ်ချင်တာအားလုံးထက်
ဖြစ်သင့်တာအားလုံးနဲ့
လက်ပစ်ကူးနေရတာ .. ။

ရှင်သန်ခြင်းဘ၀တစ်ခုမှာ
အမိန့်ဒေါသတွေအောက်
နာကျင်ကြေကွဲနေခဲ့ရတဲ့
လှောင်အိမ်ထဲကငှက်ကလေးအတွက်
အပြာရောင်ကောင်းကင်ကြီးတစ်နေရာ
မျှော်လင့်ချက်အလင်းရောင်များစွာ
နေ့စဉ်ရက်ဆက်စောင့်နေဆဲ .. ။

မြင်ယောင်နေတဲ့ ပျော်ရွှင်မှုတွေ
သွားချင်နေတဲ့ အနာဂတ်လမ်းတွေ
ကြားယောင်နေတဲ့ လိုချင်မှုတွေ
အားလုံးပြည့်နှက်လှပနေတဲ့
နေရာသစ်ဘ၀တစ်ခုလေးစီ
အားတင်းကာကြိုးစားရုန်းထွက်ပျံလှည့်ဦး
လှောင်အိမ်ထဲက ငှက်ငယ်ရေ ....

AddThis Social Bookmark Button


ကျွန်ုပ်ရင်ခုန်သံအမှတ်တရများ